Header Ads

Seo Services

ဝင်္ကဝုတ္ထိ သမုဒ္ဒရာ

‌ဝင်္ကဝုတ္တိသမုဒ္ဒရာ

အခြေအမြစ်မရှိတဲ့ မိသားစုဘဝလေးထဲ ပေါက်ဖွားကြီးပြင်းခဲ့ရသူပီပီ ဇော်မင်းနိုင် တစ်ယောက် ဘယ်အရာပေါ်မှာမှတန်ဖိုးထား ရကောင်းမှန်းမသိခဲ့ပါဘူး။
ဘဝကို ကြုံရာကျပန်း ဖြစ်သလိုဖြတ်သန်းခဲ့ပြီး အသက်20ဆိုတဲ့ အချိန်ကာလတစ်ခုမှာတော့
သူ့ဘဝအတွက် နာကျည်းစက်ဆုပ်စရာ ကိစ္စရပ်တစ်ခု အကြောင်းအကျိုးမညီညွတ်စွာနဲ့ သူ့စီတန်းတန်းမတ်မတ်ရောက်ရှိလို့လာပါတော့သည်။

"အမေ ဘာချက်လဲ"
ခပ်ပြတ်ပြတ်မေးခွန်းကို သားဖြစ်သူကမေးလာတော့
ဒေါ်မြတ်မွန် အငေါ့ထူးပြောလိုက်ပုံက
"သေနာလေး အလေလိုက်လို့အားရတော့မှ မျိုခါနီးမှပြန်လာ
ပြီးတော့ အဆင်သင့်လေးစားဖို့ ဘာချက်လဲမေးနေတယ်။
"စပတ်" ချက်တယ်။ကဲ "

"အာ အမေကလည်း ကျတော့ကိုအဲ့စကားပြောစရာလား။"
"ပြောတော့ဘာဖြစ်လည်း စပတ်စားလေးရဲ့"
"တော်တော့ဗျာ"
ဆောင့်ကြီးအောင့်ကြီးဖြင့် ဇော်မင်းနိုင် အိမ်ပေါ်က ပြန်ဆင်းသွားတော့
ကမ္မဝါဖတ်သလားမှတ်ရ ဒေါ်မြတ်မွန်ရဲ့ ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုနေပုံတွေ ပတ်ဝန်းကျင်အတွက်ကတော့ နားယဉ်နေသယောင်။
………¥…………………¥………………¥…………………
စိတ်ညစ်ညစ်ဗိုက်ဆာဆာနဲ့ ဇော်မင်းနိုင် အရက်ဆိုင်ဘက်ခြေဦးလှည့်ရင်း အိတ်ကပ်ထဲပြန်ကြည့်တော့ အကြွေလေးငါးရာမျှသာရှိတော့သည်ကိုသတိပြုမိသွားပါ
့သည်။

ဟူးးးအဲ့ဒါမှဆောက်ပြဿ     နာ ဗိုက်ဆာလို့ အိမ်ပြန်တာ အမေကဆဲလွှတ်တယ်။စိတ်ညစ်လို့ အရက်ဆိုင်လာတော့ပိုက်ဆံက မရှိပြန်ဘူး။
ီးပဲကွာ ဘဝကလည်းစိုးလိုက်တာ။
စိတ်ပေါက်ပေါက်နဲ့ ဗူးခွံ့တစ်ခုကိုဖြတ်ကန်လိုက်တာ
"ဒုန်း"
မျက်နှာချင်းဆိုင်ကလာနေတဲ့ ကားကို ထိမိသွားကာ ကားကချက်ခြင်းရပ်ပြီး ကားပေါ်မှ လူတစ်ယောက်ဆင်းလာပါတော့သည်။

ဇော်မင်းနိုင် ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ဘယ်ပြေးရမလဲ စဉ်းစားချိန်မရလိုက်ခင်မှာ ကားပေါ်က အသက် ၄၀ ခန့်လူကြီးတစ်ယောက်အနားသို့ရောက်လာပါတော့သည်။

"ဟေ့ကောင်လေး မင်းကန်လိုက်တဲ့ ဗူးကငါ့ကားကိုထိသွားတာ ဟိုမှာငါ့ကား ဆေးပွန်းသွားပြီ။
မင်းဘာလုပ်မလဲပြော။"
"ဟို ဟို ကျတော်မတော့တဆ"
"ဘာကွ မတော်တဆ ဟုတ်လား"
"အေး ဘယ်လိုကြောင့်ဖြစ်ဖြစ် ခုမင်းလျော်"

"အာ ဦးလေးကလည်း ကျတော်လျော်ဖို့မပြောနဲ့ ထမင်းတောင်မစားရသေးဘူး။ပိုက်ဆံတစ်ပြားမှမရှိဘူး။"
"ဟေ့ကောင် ရမလားကွ စားစရာမရှိရင်လျော်စရာရှိရမှာပဲ"

"မတက်နိုင်ဘူးဗျာ"
ထိုလူကြီး ဇော်မင်းနိုင်ကို စေ့စေ့စိုက်ကြည့်ကာ တစ်ခုခုကိုဆုံးဖြတ်လိုက်တဲ့ မျက်နှာပေးဖြင့် သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်ပါတော့သည်။
ပြီးတာနဲ့
"အေး မလျော်ပေးနိုင်ရင် ငါနဲ့လိုက်ခဲ့ ငါခိုင်းတာလုပ်ပေးရမယ်။ အဲ့လိုမဟုတ်ရင်တော့ ငါရဲတိုင်မှာ။"

ဇော်မင်းနိုင်လန့်ဖြန့်သွားကာ
"ဟာ ဦးလေး အဲ့လိုတော့မလုပ်နဲ့လေ။ ခင်များက ဘယ်ခေါ်သွားမှာလဲ ကျတော်ကဘာလုပ်ပေးရမှာလဲ။"
"အေး လိမ်လိမ်မာမာ လိုက်ခဲ့ပြီးငါခိုင်းတာလုပ်ပေးရင် မင်းကို ပိုက်ဆံပါ ပြန်ပေးမှာ။"
"ဟင် တစ်ကယ်နော် ဦးလေး"

ဇော်မင်းနိုင် ပျော်သွားတာပေါ့။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံရမယ်ဆိုတာ နည်းတဲ့အခွင့်ရေးမဟုတ်ဘူးလေ။

ဘာကိုမှ ဆင်ခြင်တုံ့တရားနဲ့ ဝေဖန်ပိုင်းခြားမှုမရှိခဲ့လေတဲ့ ဇော်မင်းနိုင် တွေဝေစဉ်းစားမနေပဲ ငေါက်ခနဲ လိုက်သွားပါတော့သည်။

ဘဝမှာတစ်သက်နဲ့တစ်ကိုယ်တစ်ခါမှစိတ်တောင်မကူးဘူးတဲ့ ကားအကောင်းစားကြီးပေါ် ဇိမ်ကျကာလိုက်သွားရင်း ဘေးပတ်ဝန်းကျင်အပေါ် အလိုလို မာန်တက်မိတော့သည်။

"ဒါနဲ့ မင်း ဘာစားပြီးပြီလဲ"
"ဟာ အခုပဲ ဗိုက်ဆာလို့အိမ်ပြန်တာ ဘာမှမရှိတာနဲ့ ညစ်ညစ်နဲ့ အရက်ဆိုင်ဘက်ထွက်လာတာဗျ။"
"အော် သောက်တက်တယ်လား။ကဲပါ တစ်ခုခုစားလိုက် "

ကားလေးက စားသောက်ဆိုင်တစ်ဆိုင်ရှေ့ရပ်သွားကာ ဇော်မင်းနိုင် အံ့သြမှင်သက်နေတာကလွဲပြီး ဘာစကားမှမဆိုမိ။
သူ့လိုလူတစ်ယောက်ကို တကူးတက ကားနဲ့တင်ခေါ်လာပြီး ခုလိုစားသောက်ဆိုင်ထိလိုက်ကျွေးတယ်ဆိုတာ ဒါ နတ်မ တာနေမယ်။
ကိုယ့်အတွေးနဲ့ကိုယ် စိတ်ထဲကျေနပ်မိပြီး စားသောက်ဆိုင်ထဲမော်ကြွားကာ ခြေလှမ်းရင်းပေါ့။

"ကဲ ဘာစားမလဲ"
"ဘာဖြစ်ဖြစ်ပါ ဗိုက်ကဆာနေပြီ"
"ok"

စားစရာတွေရောက်လာတော့ အလျှံပယ် ဒါ့အပြင် ဘီယာပုလင်းပါတွေ့လိုက်ရတော့ အပျော်ကအတိုင်းထက်အလွန်ပေါ့။
"ကဲကောင်လေး စားလည်းစား သောက်လည်းသောက်။လိုတာရှိလည်းထပ်မှာ"

လက်က ဘီယာပုလင်းစီလှမ်းကာ ခွက်ထဲငှဲ့ပြီး အငမ်းမရမော့ချလိုက်သည်။
အမြည်းအတွက်နီးစပ်ရာ ဟင်းခွက်ကိုနှိုက်မယ်ပြင်ပြီးမှလက်ကတွန့်သွားရပါတော့သည်။
"စားလေ ကောင်လေး။ဘာဖြစ်လို့လဲ"
ဇော်မင်းနိုင် ချက်ခြင်းမဖြေ။ သက်မတစ်ချက်ချကာ
"အမေ့ကိုသတိရသွားတာဗျ။
ကျတော်က ဆိုးတယ် ဒါပေမယ့် ကျတော့အမေကိုကျတော်ကချစ်တယ်ဗျ။ ခုလိုစားကောင်းသောက်ဖွယ်ကို အမေလည်းစားချင်မှာလေ။"

သူ့ကိုစေ့စေ့စိုက်ကြည့်ပြီး
"ကဲပါကွာ စားပါ။ မင်းအမေအတွက် အပြန်ကျ ဝယ်သွားပေါ့။"
"ဟင် တစ်ကယ်လားဗျ"
"အင်း"
"ဟင် ဒါပေမယ့် ခင်များခိုင်းတာလုပ်ပေးပြီး ပိုက်ဆံပေးတာနဲ့မဆိုင်ဘူးနော် ဒါသပ်သပ်ပေးရမှာ"
"အဟားဟားဟား ဟုတ်ပါပြီကွာ
ကဲကဲ စာားစား"

အားရပါးရစားရင်း ဒီလူကြီးငါ့ဘာတွေခိုင်းမလို့လဲလို့ တွေးမိပေမယ့် နောင်ခါလာနောင်ခါဈေး ပဲဆိုတဲ့အတွေးနဲ့သာစားစရာရှိစားထားရမယ်လို့ခံယူရင်းစားနေပါတော့သည်။

………¥……………¥…………………¥…………………¥

"လာကောင်လေး အိမ်ထဲကို"
"videoတွေထဲသာ မြင်ဘူးတဲ့အိမ်မျိုးကို ကိုယ်တိုင်ချေချရမယ်လို့မတွေးခဲ့ပေမယ့် လက်တွေ့ကြုံလိုက်ရတော့ မှင်သပ်ငေးမောလို့ပေါ့။

အိမ်မကြီးထဲရောက်တော့
"ကောင်လေး လာ ဒါရေချိုးခန်း မင်းရေချိုးလိုက်ဦး"
အိမ်ခန်းတစ်ခုထဲ ခေါ်သွားကာ သူ့ကိုရေချိုးခိုင်းတော့ တစ်ချက်တော့ တွေဝေသွားတာပေါ့။
"ကဲ ကောင်လေ အဝတ်တွေချွတ်။ မင်းရေးချိုး
ငါက ဗိုလ်ချုပ်ဈေးမှာ ရွှေဆိုင်ဖွင့်ထားတာ။ ငါ့မှာ sexနဲ့ပတ်သက်ပြီး လိုအပ်နေတယ်။ အဲ့ဒါမင်းဖြည့်ဆည်းပေးရမယ်။"
"ဗျာ"
"မဗျာ နဲ့မင်းငါ့ကို လက်ခံပြီးပြီ။ခုမှတော့မငြင်းနဲ့။မရတော့ဘူး။"

လူကြီးကိုကြည့်လိုက်တော့ ဗလတောင့်တောင့်နဲ့ လူကလူကြီးလူကောင်းဆိုက်ဂိုက်အပြည့်နဲ့ပါ။ စဉ်းစားမရတာက ငါကဘာလုပ်ပေးရမှာလဲပေါ့။
"မင်းအရမ်းတွေးမနေနဲ့
ငါမင်းရဲ့ bodyကိုကြိုက်တယ်။အဲ့ဒါကြောင့် ခုလိုခေါ်လာမိတာ။ ငါကလူကြီးလူကောင်းပါ။
ငါ့ဆန္ဒကို သာမင်းဖြည့်ဆည်းပေး။
သွားရေသွားချိုး။"

ဇော်မင်းနိုင် အဝတ်တွေချွတ်ပြီး ပုဆိုးလေးဖြည်မယ်လုပ်တော့
"ရော့ သဘတ်။ ဒါနဲ့ ပတ်ပြီးရေချိုးခန်းဝင်ရတယ်။အထဲမှာ ချွတ်ချိုး ပြီးရင်အဲ့သဘတ်နဲ့ပြန်ပတ်လာခဲ့။

ထိုလူကြီးပေးတဲ့ သဘတ်ကိုယူကာ ဇော်မင်းနိုင် ခါးမှာပတ်လိုက်ပြီးရေချိုးသို့ဝင်သွားကာ ရေချိုးရင်း ရင်တစ်ထိတ်ထိတ်ပေါ့။
ရေချိုးခန်းကထွက်လာတော့ ကုတင်ပေါ်မှာအဝတ်မဲ့နေတဲ့ ခန္ဓာနဲ့ သူ့ကို သေချာစူးစိုက်ကြည့်နေသောလူကြီးကို ဇော်မင်းနိုင် မျက်နှာချင်းမဆိုင်ရဲ။

"ဒီနားလာပါ ကောင်လေးရဲ့။"
သူ့အနားကိုကပ်သွားလိုက်တဲ့အချိန်မှာ ကုတင်ပေါ်ကနေ ဇော်မင်းနိုင်ရဲ့ခါးကိုလှမ်းဖမ်းပြီး ခါးကသဘတ်ကိုအသာလေးချွတ်ကာ
ဇော်မင်းနိုင်ရဲ့ မိမွေးတိုင်းဖမွေးတိုင်း ကိုယ်ခန္ဓာ
္ဓကို အရသာခံကာတစ်စိမ့်စိမ့်ကြည့်ကာ
"မင်းပစ္စည်းကတော်တော်လှတာပဲ"

ဇော်မင်းနိုင် ရှက်သွားရသည်။
ကိုယ်လုံးတီးနဲ့ ယောကျာ်လေးတစ်ယောက်ရှေ့ မတ်တပ်ရပ်နေပြရတာ သူ့အတွက် ဒါပထမဆုံးပါ။
ရပ်ကွက်ထဲပေချင်သလောက်ပေ တေချင်သလောက်တေ ပေမယ့် ဇော်မင်းနိုင် လိင်နဲ့ပတ်သက်ပြီး ဘယ်တော့ကမှ အထိတွေ့မရှိခဲ့ဘူးတော့ ပိုဆိုးတာပေါ့။

နွေးခနဲ ခံစားလိုက်ရတဲ့အတွေ့အထိက ဇော်မင်းနိုင်ရဲ့ လွင့်ပြယ်နေတဲ့စိတ်အစဉ်ကို စုစည်းပေးလိုက်သလိုဖြစ်ကာငုံ့ကြည့်လိုက်တော့
အဲ့လူကြီးသူ့ကို £®®£¥¥¥®£®£¥£®£¥¥¥£®®£®£¥££®£¥£¥£®¥£®¥£®¥¥®®¥£®^¥_£®£¥¥£®¥£¥£®®£®£¥£¥£®
ကိစ္စပြီးသွားချိန်မှာတော့ ထိုလူကြီးက ဇော်မင်းနိုင်ကို အငမ်းမရ နမ်းနေဆဲ။
ခုလို ယောကျာ်းချင်းထိတွေ့ရတာ အတွက် ရှက်နေပေမယ့် ဇော်မင်းနိုင် စိတ်ထဲကျေနပ်မှုတစ်ခုတော့ရနေမိတယ်။

"…………¥……………………¥…………………¥……………
အိတ်ကပ်ထဲပိုက်ဆံအထပ်လိုက်နဲ့ ဇော်မင်းနိုင် စားသောက်ဆိုင်ထဲဝင်သွားကာ အမေ့အတွက် အကြိုက်ဝယ်ပြီး တက်ကြွမော်ကြွားတဲ့မျက်နှာပေးနဲ့ခေါင်းမော့ရင်ကော့ကာ အိမ်စီသို့ခြေလှမ်းတွေက ။

"ဟဲ့သေနာလေး တစ်နေကုန် အလေလိုက်သောက်စားလို့အားရပြီလား။"
လူရိပ်တွေ့ပြီး မော့မကြည့်ပဲ အမေရယ် စပါးလုံးရွေးရင်း ငေါက်နေပြန်ပါတော့သည်။
"အမေကလဲဗျာ ဒီမှာ သေချာကြည့်ပြီးမှပြောစမ်းပါ။"
လက်ထဲအထုတ်တွေကို အမေ့နားချလိုက်ပြီး ထိုင်ချလိုက်ကာ
"ကျတော်အမေ့အတွက်ဝယ်လာတာ။"
"ဟင် ငဇော် နင်  နင် ဘယ်ကစောက်ဆံနဲ့ ဒါတွေဝယ်လာတာလဲ။"
"အာ ဘယ်ကပဲဖြစ်ဖြစ် အမေစားရဖို့ကအဓိက မဟုတ်ဘူးလား။ လူကပင်ပန်းလာရတဲ့အထဲ"
ဇော်မင်းနိုင် ကြီးကြီးကျယ်ကျယ်ပြောစကားတွေကြောင့် ဒေါ်မြတ်မွန် အနည်းငယ်တော့ တွေဝေသွားတယ်။သားဖြစ်သူ အလုပ်တွေဘာတွေ ရလာတာလားပေါ့။

"ဟဲ့နင် အလုပ်ရလာတာလား"
ဇော်မင်းနိုင် တစ်ချက်တွေဝေသွားတယ်။ငါအလုပ်လုပ်ခဲ့တာလား?ကိုယ့်ကိုကိုယ်မေးခွန်းထုတ်ပြီး

"ဟုတ်တယ်ဗျို့ သူဌေးတစ်ယောက် ကားပျက်နေလို့ ကူညီပေးလိုက်တာ အဲ့ဒါမုန့်ဖိုးပေးလိုက်လို့။"
ပါးစပ်ထဲတိုးရာကိုပြောလိုက်တော့လည်း ဒေါ်မြတ်မွန်ယုံသွားရတာပါပဲလေ။
………¥……………¥……………¥………………

ဇော်မင်းနိုင် ထိုလူကြီးနဲ့တွေ့ဆုံပြီးနောက်ပိုင်းမှာ လူက တောက်တောက်ပြောင်ပြောင်လေးနဲ့ ဝတ်တက်စားတက်လာခဲ့ပါသည်။
ဒါကလည်း ထိုလူကြီးကျေးဇူးပဲပြောရမှာပေါ့။
ခဏခဏတွေ့ဖြစ်ပြီး ထိုသူကြီးရဲ့ လိင်အဖျော်ဖြေခံဖြစ်လာရင်းကနေ ဇော်မင်းနိုင်ငွေရလွယ်နေတဲ့ အခြေနေလေးကို ပျော်ပိုက်နေမိတာပေါ့။
အမေဖြစ်သူဒေါ်မြတ်မွန်ကတော့ သားဘာလုပ်နေတယ်တိတိကျကျမသိပဲ ပိုက်ဆံရနေတာနဲ့ကျေနပ်နေသူ။

အချိန်က တစ်ဖြည်းဖြည်း တိုက်စားလာတာ ဇော်မင်းနိုင် ဒီလောကထဲတော်တော်လေး ကိုလူရည်လည်နေပါတော့သည်။
စတွေ့တဲ့ လူကြီးရဲ့ကောင်းမှုနဲ့ လူတစ်လုံးသူတစ်လုံးဖြစ်လာရာကနေ နဂိုရုပ်ရည်လေးနဲ့ ကိုယ်လုံးကိုယ်ပေါက်လေးက သူ့ကို ဒီနွံ့ထဲနစ်စေဖို့ဖန်တီးခဲ့တာလား။
မိုက်မိုက်မဲမဲကို ပျော်နေမိတာ။
စားချင်တာ ဝတ်ချင်တာ အားလုံးကို ခံစားနေရတော့ ဘဝက ပျော်စရာအပြည့်ပေါ့။
offerဘဝမှာသာယာရင်း
ဇော်မင်းနိုင် ကောင်မလေးတစ်ယောက်ကို စတင်ချစ်မိပါတော့သည်။

မိန်းခလေးက မြန်မာဆန်ဆန်လေးရယ် ။တွေ့စမှာပင် နှလုံးခုန်နှုန်းတွေ ဒီဂရီမြင့်စေခဲ့တဲ့ မိန်းမလှလေးရဲ့ အပြုံးကြောင့် ဇော်မင်းနိုင် အမှတ်ရစေခဲ့တာပါ။
တွေ့ပုံက

offerခေါ်လို့ တာမွေကိုလာရင်း အဲ့အိမ်ရောက်တော့ တံခါးလာဖွင့်ပေးတဲ့သူမ ကြောင့် ပထမကြောင်သွားမိတာပေါ့။
"အော် အစ်ကို့ဧည့်သည် ထင်တယ်။ အိမ်ထဲမှာ အစ်ကိုရှိပါတယ်ရှင့်။"
"ဟုတ်"
သူ့ကို ယဉ်ကျေးစွာ ပြောပြီး အိမ်ထဲကထွက်သွားတဲ့ သူမရဲ့အလှမှာ စီးမျောရင်း ဇော်မင်းနိုင်အိမ်ထဲဝင်လိုက်တော့
သူနဲ့ အွန်လိုင်းမှာဒိတ်ထားသူကိုတွေ့ရပါပြီ။

အလုပ်သဘောအရ ဖတ်ရှုံ့နမ်းရှိုက်နေရပေမယ့် ကိုယ်အမြင်အာရုံတွေထဲမှာ ဆံပင်ရှည်လေးနဲ့သူမက မထွက်သွား။

ခက်တော့နေပြီ။ ဒီလူနဲ့ ကောင်မလေးက မောင်နှမဆိုတော့ ငါ့လက်ခံမှာမဟုတ်ဘူး။
ငါဘာလုပ်ရမလဲ။
အိမ်ပြန်ရောက်တဲ့အထိ အတွေးဝင်္ဂဘာထဲ ကောင်မလေးသာစိုးမို့လို့ပေါ့။

ဒါနဲ့ပဲ ထိုပတ်ဝန်းကျင်မှာ ကောင်မလေးအကြောင်းစုံစမ်းလိုက်တော့
စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ်တက်နေပြီး
အလွန်ချမ်းသာတဲ့ မိသားစုထဲက တစ်ဦးတည်းသောသမီးလေးပါတဲ့။
အစ်ကိုနှစ်ယောက်ရှိပြီးတစ်ယောက်က သင်္ဘောသား တစ်ယောက်က ကျောင်းဆရာ။
ဟူးးဇော်မင်းနိုင်နဲ့ဖြစ်တာ ကျောင်းဆရာဆိုတော့ အိမ်မှာအမြဲရှိနေတဲ့သူ။
ငါဘယ်လို လုပ်ရမလဲ။
ဟူးးးးးးး

အတွေးနဲ့ ချာချာလည်နေရင်း ကောင်မလေးနဲ့ရင်းနှီးဖို့ ကြိုးစားမိပါတော့သည်။
သူ့အစ်ကိုကိုအကြောင်းပြုပြီး ကောင်မလေးက သူ့ကို ရင်းနှီးစွာဆက်ဆံတော့ လွှတ်ပျော်မိတာပေါ့။
ကံတရားကပဲ ကိုယ့်ကိုမျက်နှာသာပေးရော့သလား
သူ့အစ်ကိုနယ်မှာတာဝန်ကျတယ်တဲ့လေ။
အိုးးးဒါဆိုအေးဆေးပဲ။ ငါဝင်ရောဖို့ အဆင်ပြေတာပေါ့။

အဲ့သလိုနဲ့ ခပ်တည်တည်ပဲ ဇော်မင်းနိုင် ကောင်မလေးကို ချဉ်းကပ်ရင်း တစ်ဖြည်းဖြည်း ချစ်သူဘဝကို ရောက်ရှိလာပါတော့သည်။

"………………¥……………………¥……………………¥

"သားရေ အမေတို့ တောကို အလည်သွားရအောင်။"
"အာ အမေကလည်း ဘယ်ဖြစ်မလဲ ကျတော်မလိုက်ဘူး။"
"ဟဲ့မလိုက်လို့မရဘူး။ အမျိုးတွေ အလှူလုပ်တာ ငါတို့မသွားလို့ကောင်းမလား"
"အမေ့အမျိုးတွေက အရင်ကတော့ ဖုတ်နေတဲ့ငါးပိရှိတယ်လို့တောင်မထင်ခဲ့တာ။ ခုမှ အရေးလာလုပ်နေတယ်။ မလိုက်ဘူး။ အမေ့ဘာသာသွားချင်သွားမသွားချင်နေ။"

ဒေါ်မြတ်မွန် ခပ်ပြတ်ပြတ်ပြောလာတဲ့သားကို ကလန်ကဆန်မလုပ် တင်းတင်းရင်းရင်းမပြောတော့ပဲ
"သားရယ် အဲ့ဒါသူတို့အပိုင်းပါ။
အမေသွားဖို့တော့ ကောင်းတယ်လေ။ မင်းကအမေတစ်ယောက်တည်းသွားမှာစိတ်ချလို့လား။အမေကသွေးတိုးရှိတာသားလည်းအသိကို။"
ဒေါ်မြတ်မွန်ရဲ့ စကားလုံးက ဇော်မင်းနိုင်ကို ခေါင်းငုံ့တွေဝေသွားစေခဲ့ပါပြီ။

"ပြီးရောဗျာ။ ဘယ်နှစ်ရက်ကြာမှာလဲ"
"သုံးလေးရက်ပေါ့"

ဒါနဲ့ပဲ သားအမိနှစ်ယောက် အဝေးပြေးကားလေးနဲ့ အမေ့ရဲ့ရွာလေးဖြစ်တဲ့ မန္တလေးတိုင်းထဲက တောရွာလေးတစ်ခုသို့ ခရီးထွက်ခဲ့ပါတော့သည်။

ကားစီးရင်း ချစ်သူကိုတမ်းတလို့ စိတ်က မပျော်ရွှင်ပါ။
အမှတ်တမဲ့ အမေ့ကို ကြည့်လိုက်တော့ မသက်မသာဖြစ်နေပုံရတဲ့အမေက
"သားအမေ့ကိုရှုဆေးလေးယူပေးစမ်းပါလား"
"ဟင် အမေနေမကောင်းဘူးလား"
"ခေါင်းထဲနည်းနည်းမူးနေလို့သားရယ်။"
"ဟင် "
"ရှုဆေးလေးရှုလိုက်ရင်သက်သာမှာပါ။"
အမေ့အတွက် ဇော်မင်းနိုင် ပျာယာခက်သွားရပါသည်။

ရွာကိုရောက်တဲ့အထိ အမေအမူးမပြေပါ။
မသက်သာတဲ့အမေ့ကို ဆေးခန်းပြဖို့ ရွာကိုမေးကြည့်တော့ ဆေးမှုးပဲရှိတယ် ဆိုတာနဲ့ အဲ့ဆေးမှုးကိုသွားပင့်တော့ အိမ်မှာရှိမနေဘူး။
လူလည်းဘာလုပ်လို့လုပ်ရမလဲမသိတာနဲ့ အမေ့ကို
"အမေသက်သာရဲ့လား။ ကားငှားပြီးရန်ကုန်ချက်ခြင်းပြန်မလား"
"ဟင် ငါ့တူရယ် ခရီးပန်းလို့နေမကောင်းဖြစ်တာပါ။ ခုချက်ခြင်းပြန်ရင် ပိုဆိုးမှာပေါ့။"
"မသိဘူးဗျာ။ ကျတော့အမေ ခုလိုနေမကောင်းဖြစ်တာ ခင်များတို့ကြောင့်"
"သား အဲ့လိုမပြောရဘူးလေ။ ဒါသားအဒေါ်တွေလေ။"
အမေက လှမ်းတာလို့ ဇော်မင်းနိုင်ခံပြင်းစွာ မျိုသိပ်လိုက်ရပေမယ့် စိတ်ထဲမကျေနပ်။

ရွာရောက်ပြီးနောက်တစ်နေ့အထိ ဆေးမှုးက ပြန်မရောက်သေးဘူး။
ညနေစောင်းတော့မှ ဆေးမှုးပြန်ရောက်လို့ သွားပင့်တော့ လိုက်လာကာ စမ်းသပ်ပြီး
"ဒေါ်ဒေါ်က ခရီးပန်းတာလည်းပါတယ်။ ပြီးတော့ သွေးတိုးလည်းရှိနေတယ်ဗျ။ကျတော်ဆေးပေးခဲ့မယ်လေ။"
ဆေးမှုးက ဆေးတွေပေးပြီးပြန်ခါနီး
"ညီ ကျတော်နဲ့ခဏလိုက်ခဲ့ပါလား။ ဆေးတစ်မျိုး လိုက်ယူပေးပါလား။"
"အော် ဟုတ်ကဲ့"

ဆေးမှုးနဲ့ လိုက်လာရင်း လမ်းရောက်တော့
"ဒေါ်ဒေါ့်ကို ရန်ကုန်ပြန်ခေါ်သွားပါ။ ဒေါ်ဒေါ်မှာ နှလုံးအားနည်းတဲ့လက္ခဏာလည်းတွေ့ရတယ်ဗျ။ ခုတော့အားမရှိတော့ ခရီးပန်းမှာဆိုးရတယ်။ သူနည်းနည်းသက်သာတာနဲ့ ရန်ကုန်မှာသေချာလေး အထူးကုနဲ့ပြပါ။"
"ဗျာ
ဟုတ် ဟုတ်ကဲ့ဆရာ ကျေးဇူးပါပဲ။"
အပြန်လမ်းမှာ ဇော်နိုင်အရမ်းပင် အမေ့အတွက် စိုးရိမ်နေမိတယ်။
သားအမိနှစ်ယောက်တည်း ဘဝကို ကြုံသလို ဖြစ်သလိုဖြတ်သန်းခဲ့ရတာ။ အမေက သူ့အတွက် ကမ္ဘာတစ်ခုပါ။
ခုလို အဆင်ပြေတဲ့ အချိန်လေးမှာ အမေ့ကို သူကောင်းကောင်းထားချင်တယ်။
အမေတစ်ခုခုဖြစ်မှာ သူအကြောက်ဆုံးပဲ။

တစ်ရက်နှစ်ရက်အတွင်းအမေလည်း နေပြန်ကောင်းပြီး လန်းဆန်းလာတာနဲ့ သူရန်ကုန်ပြန်ဖို့စီစဉ်ပါတော့သည်။
လမ်းမှာ အမေအမောဖောက်တာနဲ့ နီးစပ်ရာဆေးရုံကိုချက်ခြင်းတင်ကာ အမေ့ကို ကုသဖို့လုပ်တော့
ခွဲစိတ်ရမှာတဲ့လေ။
အားချင်းရန်ကုန်ကို ပြန်သယ်ကာ အမေ့ကိုရန်ကုန်ဆေးရုံကြီးမှာတင်ပြီးနှလုံးခွဲစိတ်ဖို့ သူဆရာဝန်နဲ့တိုင်ပင်တော့ 50%တဲ့။
ကြိတ်ကာငိုကြွေးနေရုံမှတစ်ပါး ဆရာဝန်တွေနဲ့ ကံတရားအပေါ်သာ အမေ့ကိုပုံအပ်ထားရပြီ။
…………………¥………………¥…………………¥…………
လူနာအတွက်သွေးလိုတယ်။
"ကျတော် လှူပါ့မယ်ဗျ"
"ok သွေးစစ်ရအောင်"
ဇော်မင်းနိုင် အမေ့အတွက်စိတ်ပူနေတာနဲ့ ဘာကိုမှ သတိမရခဲ့ပေ။ ချစ်သူကိုတစ်ချက်တမ်းတလိုက်ပေမယ့် အမေကအရေးကြီးနေတာသူဘယ်လိုမှ မဆက်သွယ်မိ။
"မောင်ဇော်မင်းနိုင် ဆရာဝန်ကြီးနဲ့တွေ့ရအောင်။"

ဆရာဝန်တစ်ယောက်လာခေါ်တာနဲ့ သူထလိုက်သွားပြီး အမေအကြောင်းသတင်းဆိုးမဟုတ်ပါစေနဲ့လို့ဆုတောင်းနေမိတယ်။

"ဗျာ"
"HIV Positive"
"ဟုတ်ပါတယ် စိတ်မကောင်ပါဘူး မောင်ဇော်မင်းနိုင်"
ဆရာဝန်ကြီးဆက်ပြောနေတဲ့ စကားသံတွေကိုနားထဲမှာ မကြားတော့ပဲ
သူတို့အကြိုက် အလိုက်သင့်နေခဲ့ပြီး ပိုက်ဆံလွယ်လွယ်ရတဲ့ offer ဘဝနဲ့ လိင်တူဆက်ဆံခဲ့မိတဲ့ ကိုယ့်ရဲ့မဆင်မခြင်နေထိုင်ခဲ့မိတာတွေကိုသာ မြင်ယောင်ရင်း ထိတ်လန့်တုန်လှုပ်မိနေပါတော့သည်။

အရုတ်ကြိုးပြတ် မျော်လင့်ချက်မဲ့နေတဲ့ ခန္ဓာကိုယ်က ဘယ်လိုနာကျင်မှုမျိုးကိုမဆို ခံစားဖို့အသိမဲ့နေသယောင်။
ဆိုးရွားလွန်းတဲ့ ဘဝက မျက်နှာသာပေးခဲ့တာမှမဟုတ်ပဲ။
နစ်သထက်နစ်အောင် ဆွဲယူခဲ့တာကို နှောင်မှသိတဲ့နောင်တတွေနဲ့အတူ………………………………………………………………………………………………………

ကြိုးစားပါဦးမယ်။

                  (ဘဲကြီး)


No comments

မေးမြန်းချင်တာလေးတွေရှိရင်တော့ Comment Box မှာ ပြောခဲ့နိုင်ပါတယ်ခင်ဗျ ။